つたえる はつおん

စကားကိုအာရုံစိုက်နားထောင်ကြောင်းပြသသည့် စကားလုံးများ(あいづち)ကို လေ့ကျင့်ကြည့်ရအောင်

အကျဉ်းချုပ်

企画者:中川千惠子

စကားကိုအာရုံစိုက်နားထောင်ကြောင်းပြသပုံအမျိုးအစားများ

「はい」

ယဥ်ကျေးသောအသုံးအနှုန်းဖြစ်ပါတယ်။

*သတိပြုရန်:၂ကြိမ်ထပ်၍ပြောမိပါက တစ်ဖက်သူ၏စကားကို နားမထောင်ချင်သော အဓိပ္ပာယ်သက်ရောက်တတ်ပါတယ်။

「うん」

နှင့် အဓိပ္ပာယ်တူပြီး သူငယ်ချင်းနင့်ပြောရာတွင် သုံးပါတယ်။

「はあ?」

သံသယဖြစ်သော စိတ်ကိုဖော်ပြရာတွင်အသုံးပြုပါတယ်။

*သတိပြုရန်:ရန်လိုသော၊ ပြန်ခံပြောလိုသော အပြုအမူမျိုးဖြစ်တတ်ပါတယ်။

うなずく(ခေါင်းငြိမ့်ခြင်း)

ခေါင်းငြိမ့်ပြီး ပြောနေတာကို သဘောတူကြောင်း၊ နားလည်ကြောင်း၊ ဂရုစိုက်နားထောင်နေကြောင်းကို ဖော်ပြသော အမူအရာဖြစ်ပါတယ်။

「ええ」

「ええ↘」သည်「はい」နှင့် အဓိပ္ပာယ်အတူတူဖြစ်ပါတယ်။「ええ↗」ကိုတော့ အံ့သြထိတ်လန့်တဲ့အခါတွင် ပြောဆိုပါတယ်။

「へえ」

「へえ→」သည် စိတ်ဝင်စားမှုရှိသောအခါ၊ ဂရုတစိုက်နားထောင်သောအခါတွင် အသုံးပြုပါတယ်။

「ほんとう」

「ほんとう↘」သည် တစ်ဖက်သူပြောသည်ကို သဘောတူကြောင်း ပြသသည့်အခါတွင် အသုံးပြုပါတယ်။

အသံအနိမ့်အမြင့်ပေါ်လိုက်ပြီး ကွဲပြားခြားနားသော စိတ်ခံစားချက်ကို ဖော်ပြနိုင်သော အခြားစကားလုံးများလည်း ရှိပါသေးတယ်။

「そうですか」

「そうですか↘」သည် နားလည်ပါပြီ၊ သိပါပြီဟူသော အဓိပ္ပာယ်‌ဆောင်ပါတယ်။

「そうですか↗」သည် အမေးသဘောဆောင်ပါတယ်။

「そうですか→」သည် အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး စဉ်းစားနေဆဲဖြစ်ကြောင်း ဖော်ပြရာတွင် သုံးပါတယ်။

「そうですか↘↗」သည် အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး သံသယရှိနေကြောင်း စိတ်ခံစားချက်ကို ဖော်ပြပါတယ်။

အသေးစိတ်ကို အသံအနိမ့်အမြင့်(Intonation) အခန်းမှ 「そうですか」လေ့ကျင့်ခန်းတွင် ကြည့်ရှုနိုင်ပါတယ်။

「そうですね」

သဘောတူကြောင်းကို ဖော်ပြပါတယ်။

「なるほど」

အကြောင်းအရာတစ်ခုကို နားလည်သဘောပေါက်သွားသောအချိန်တွင် အသုံးပြုပါတယ်။

အထက်ပါ စကားလုံးများကို ဘယ်လိုအချိန်မျိုးမှာ အသုံးပြုရမလဲ

*あいづちစကားလုံးများကို တစ်ဖက်သူရဲ့ စကားအဆုံးတွင်သာ အသုံးပြုပါတယ်။

တစ်ဖက်သူရဲ့စကားမဆုံးခင် အသုံးပြုမိပါက၊ တစ်ဖက်သူအား စကားကို မြန်မြန်အဆုံးသတ်ပါ ဟုပြောနေသကဲ့သို့ ခံစားမိစေပါတယ်။