စကားပြောရာတွင် အလေးပေးမှုကို ဘယ်လိုဖော်ပြနိုင်လဲ လေ့လာကြည့်ရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:စကားပြောရာတွင် တစ်ခုခုကို အလေးပေးဖော်ပြတဲ့ နည်းလမ်းတွေကို နားလည်ပါမယ်။
- ဘယ်လိုလေ့လာမလဲ:စကားပြောရဲ့ အခြေအနေ၊ အကြောင်းအရာဆက်စပ်မှု(Context)မှတဆင့် လေ့လာပါမယ်။
- ဘာတွေသုံးပြီးလေ့လာမလဲ:အထူးအထွေမရှိပါ။
- ဘာတွေလိုအပ်မလဲ:အထူးအထွေမရှိပါ။
企画者:中川千惠子
အလေးပေးဖော်ပြပုံနည်းလမ်းများ
- ၁. အသံမြှင့်၍ပြောဆိုခြင်း
- ၂. အသံပြင်းပြင်းဖြင့် ပြောဆိုခြင်း
- ၃. ဖြည်းညင်းစွာ ပြောဆိုခြင်း
- ၄. အသံထွက်ရာတွင်「っ」အသေးကိုထည့်ခြင်း/နှုတ်ခြင်း ၊ အသံရှည်ဆွဲခြင်း၊ 「ん」ကို ထည့်ခြင်း/နှုတ်ခြင်း
- ၅. စကားလုံး၏ ရှေ့နှင့်နောက်တွင် ခေတ္တခဏ ရပ်နားခြင်း
- ၆. အသံစု(Mora) အလိုက် အသံအဖြတ်အတောက်ဖြင့် ပြောဆိုခြင်း
စကားပြော
| アオイ: | だれ?私のお弁当食べたの。 (ဘယ်သူလဲ ငါ့ထမင်းဘူးယူစားလိုက်တာ) | |
| トム: | 僕じゃないよ。リーさんだよ。・・・たぶん・・・ (အဲတာ ငါမဟုတ်ဘူး၊ လီစံ.....ထင်တာပဲ ) | 1)高く言う (အသံမြှင့်၍ပြောဆိုခြင်း) |
| アオイ: | っええ!楽しみにしてたのに。リーさん、私のお弁当食べたの? (ဟာ.... အားရပါးရစားမယ်စိတ်ကူးထားကာမှပဲ။ လီစံ၊ ငါ့ထမင်းဘူးယူစားလိုက်တာလား။) | |
| リー: | 食べてないよ。食べたのはわたしのだけ (မစားပါဘူး။ ငါ့ဥစ္စာပဲ ငါစားတာ)(アンパンを見せる) | 2)強く言う (အသံပြင်းပြင်းဖြင့် ပြောဆိုခြင်း) |
| アオイ: | ほんと?それだけ? (တကယ်လား?အဲဒါလေးပဲလား?) | |
| リー: | でも、これは、あの有名な//ノンノン堂の//アンパンだよ。 (ဒါပေမယ့် ဒီဟာက အဲဒီနာမည်ကြီးပါတယ်ဆိုတဲ့ Nonnondo ဆိုတဲ့ဆိုင်က ပဲနီပေါင်မုန့်လေ) | 3)ゆっくり (ဖြည်းညင်းစွာ) 5)ポーズでためる (ခေတ္တရပ်နားခြင်း) |
| トム: | たかが「アンパン」でしょう? (ရိုးရိုးပဲပေါင်မုန့်ပဲမလား) | 2)強く言う (အသံပြင်းပြင်းဖြင့်ပြောခြင်း) |
| リー: | でも、こーんなにあんこが入っているんだよ。 (ဒါပေမယ့် ဒီလောက်အများကြီး ပဲယိုတွေပါတယ်လေ) | 4)「こんなに」→「こーんなに」 |
| すんごいおいしい。 (အရမ်းအရမ်းစားလို့ကောင်းလိုက်တာမှ၊ တစ်လုံးကိုယန်း၅၀၀ရှိတယ်) | 4)「すごい」→「すんごい」 | |
| うまっ。1つ500円するんだよ。(အရမ်းအရမ်းစားလို့ကောင်းလိုက်တာမှ၊ တစ်လုံးကိုယန်း၅၀၀ရှိတယ်) | ||
| アオイ: | たっかーい。アンパンなのに (ဈေးကြီးလိုက်တာ၊ ပဲပေါင်မုန့်လေးပဲကို) | 4)「たかい」→「たっかーい」 |
| リー: | でも、オ・イ・シ・イ。フフフ (ဒါပေမယ့်လည်း စားကောင်းတယ်လေ... ဟင်းဟင်း) | 6)1拍ごとに句切る |
