ဂျပန်မြည်သံစွဲစကားလုံးတွေရဲ့ လေယူလေသိမ်း(accent)ကို သိနားလည်ကြရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:ဂျပန်ဘာသာ မြည်သံစွဲစကားလုံးတွေရဲ့ လေယူလေသိမ်း(accent)ကို နားလည်နိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ : လက်လှုပ်ရှားခြင်းဖြင့် လေယူလေသိမ်း(accent)ကို ပုံဖော်ကြည့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ: အထူးအထွေမရှိပါ။
- ဘာတွေပြင်ဆင်ရမလဲ :အထူးအထွေပြင်ဆင်စရာမရှိပါ။
企画者:中川千惠子
၁။ မြည်သံစွဲစကားလုံးများရဲ့ ဝိသေသလက္ခဏာ
(၁) လေယူလေသိမ်း(accent)ပေါ်မူတည်ပြီး အဓိပ္ပာယ်ပြောင်းလဲတတ်ပါတယ်။
- ペ˥コペコ:ကြိမ်ဖန်များစွာ အရိုအသေပေးခြင်းကို ဖော်ပြသော မြည်သံစွဲစကားလုံး
- ペコペコ:ဆာလောင်နေကြောင်းကိုပြသသောမြည်သံစွဲစကားလုံး
(၂) မြည်သံစွဲစကားလုံးကို ကြိယာအဖြစ်အသုံးပြုပါက ပထမဆုံးအသံကို အသံမြင့်ကာ ထွက်ဆိုရပါတယ်။
ド˥キドキする (တဒုတ်ဒုတ်ရင်ခုန်သည်)、ベ˥ラベラはなす (ကရားရေလွှတ် တတွတ်တွတ်စကားပြောသည်၊ စကားများသည်)
(၃) မြည်သံစွဲစကားလုံးကို နာမ်အဖြစ်အသုံးပြုပါက အသံအနိမ့်အမြင့်မရှိ တပြေးညီတည်း ထွက်ဆိုရပါတယ်။
ペコペコだ (ဗိုက်ဆာသည်)、ドキドキだ (ရင်ခုန်သည်)、ペラペラだ (ကျွမ်းကျွမ်းကျင်ကျင်ပြောဆိုသည်)
(၄) မြည်သံစွဲစကားလုံးတွင် 「゛」ပါရှိပါက အသံပြင်းပြင်းရှိကြောင်းကိုဖော်ပြပါတယ်။ မကောင်းသောအဓိပ္ပာယ်ဆောင်ပါတယ်။
- ベラベラはなす:မပြောလည်းဖြစ်သော အရာများအထိ ပြောဆိုသည်။ စကားများသည်။
- ペラペラはなす:ချောမွတ်စွာပြောဆိုသည်။
- ドンドンたたく:ဆူညံစွာ၊ အသံကျယ်လောင်စွာဖြင့် တဒုန်းဒုန်း တံခါးခေါက်သည်။
- トントンたたく:ုံမှန်အသံဖြင့် တဒေါက်ဒေါက်တံခါးခေါက်သည်။
၂။ မြည်သံစွဲစကားလုံးများကို အများကြီး အသုံးပြုပြီး စကားပြောကြည့်ကြရအောင်
A:日曜日はどこ行ったの? (တနင်္ဂနွေနေ့တုန်းက ဘယ်သွားခဲ့သေးလဲ)
B:ジェットコースターに乗ったの。すごかったあ! (ရိုလာကိုစတာသွားစီးခဲ့တာ၊ အရမ်းမိုက်တာပဲ)
C:僕は苦手だなあ。ド˥キドキする。 (ကျွန်တော်တော့ အဲတာမျိုးမရဘူးရယ်၊ ရင်အရမ်းခုန်တယ်)
B:そこがいいんじゃない!上がっていくときのドキドキ˥感、一瞬止まって、さあ、降りるというときにゾ˥クゾクしちゃう。そういうのってワ˥クワクしない? (အဲ့ဒါကိုက ပျော်ဖို့ကောင်းတာ၊ အပေါ်တက်နေတဲ့အချိန်မှာရင်တွေတဒုတ်ဒုတ်ခုန်၊ ဟော အပေါ်မှာ ခဏရပ်သွားပြီး ပြုတ်ကျရတဲ့အချိန်ကျတော့ ကျောချမ်းစရာကောင်းတာမှ၊ အဲ့လိုမျိုးတွေက စိတ်လှုပ်ရှားစရာမကောင်းဘူးလား)
C:ええ!?ワクワク˥感というより、なんか落ちるんじゃないかってハ˥ラハラする。 (ဟာ.... စိတ်လှုပ်ရှားတာထက် ပြုတ်ကျတော့မှာပဲဆိုပြီးကြောက်တာကပိုတယ် )
B:そんな、心配ばかりしてるの?私は、あのハラハラ˥感も好きだし、ゾクゾク˥感も好きだなあ。 (ဟောတော်....အမြဲအဲလိုကြီးပဲစိုးရိမ်နေတော့မှာလားလို့၊ ငါကျတော့ အဲ့လိုကြောက်တာမျိုးလည်းကြိုက်တယ်၊ ကျောချမ်းစရာကောင်းတာမျိုးလည်းကြိုက်တယ်)
C:いや、僕、けっこう気がチッチャイのかなあ。怖い話もビ˥クビクしながら聞いちゃう。 (အင်း...ကျွန်တော်ကနည်းနည်းကြောက်တတ်တဲ့ထဲပါတယ်လိုပြောမလားပဲ၊ သရဲအကြောင်းဘာညာနားထောင်ပြီဆို တကိုယ်လုံး တုန်လာတာ )
B:じゃあ、ビクビクっとする話してあげるね。お化け屋敷に入ったんだけどお~ (ဒါဆို တကိုယ်လုံးတုန်လာစေမယ့်အကြောင်းပြောပြပေးရမှာပေါ့၊ သရဲအိမ်ဝင်ခဲ့တုန်းကပေါ့နော်.... )
A:ああ、聞いているだけで、もうヘトヘトだあ。疲れたあ。 (အား.....နားထောင်ရုံနဲ့တင် အားမရှိတော့ဘူး ပင်ပန်းလာပြီ)
C:私も。ヘ˥トヘトする。いや、間違った。ヘトヘト。 (ကျွန်တော်ရောပဲ၊ ヘトヘトする。အော် (အသံထွက်)မှားလို့ ヘトヘト )
