ိုယ်သိသောစကားလုံးများဖြင့် အသံကြာချိန်(mora)များကို လေ့ကျင့်ကြည့်ရအောင် ーစကားသံစဉ်ပုံစံများကို စဉ်းစားရင်း အသံထွက်သောလေ့ကျင့်ခန်းー
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:စကားသံစဉ်ပုံစံကိုအသုံးပြုပြီး အသံကြာချိန်မိုရာ(mora) များကို ခံစားနားလည်နိုင်ပါမယ်။
- ဘယ်လိုလေ့လာရမလဲ:နားဖြင့် စကားသံစဉ်ပုံစံများကို စိတ်ထဲတွင်ပုံဖော်ရင်းလေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ:စာရွက်နှင့် ဘောပင်
- ဘာတွေလိုအပ်မလဲ:လေ့လာပြီးသော၊ သို့မဟုတ် လေ့လာဆဲစကားလုံးများ
企画者:木下直子
လုပ်ဆောင်ပုံအဆင့်ဆင့်
၁. စကားလုံးများရဲ့ စကားသံစဉ်ပုံစံများကို စဉ်းစားကြည့်ပါ။ လေ့လာရလွယ်ကူစေရန် အသံများကို ta tan တို့ဖြင့် သင်္ကေတပြုဖော်ပြပါမယ်။
- ta (သံတို):あ、か、きゃ・・
- tan(သံရှည်):あっ、あー、あん、あい・・
*tan(သံရှည်) ဆိုသည်မှာ သံတိုတစ်ခုနှင့်ထူးခြားသောမိုရာ(special mora)တို့ပေါင်းစပ်ထားသောအစုအဖွဲ့၊ သို့မဟုတ် သရတွဲ(diphthong)များကိုဆိုလိုပါတယ်။
ရှင်းလင်းချက်
ထူးခြားသောမိုရာ(special mora)ဆိုသည်မှာ つ အသေး၊ အသံရှည်ဆွဲသံ(Long Vowel)၊ んအသံ တို့ကိုခေါ်ပါတယ်။ ထို့ကြောင့် သံတိုတစ်ခုနှင့် ထူးခြားသောမိုရာ(special mora)တို့ပေါင်းစပ်ထားသောအစုအဖွဲ့ဆိုသည်မှာ ဥပမာအားဖြင့် あっ(a+っ)၊あー(a+အသံရှည်ဆွဲ)၊あん(a+ん)တို့ကိုဆိုလိုပါတယ်။
သရတွဲ(diphthong)ဆိုသည်မှာ သရသံနှစ်သံပါဝင်သောစကားသံကိုဆိုလိုပါတယ်။ ဥပမာအနေဖြင့် あい(a+i)ကိုကြည့်နိုင်ပါတယ်။
- ビル:ta ta (အဆောက်အဦး)
- ビール:tan ta (ဘီယာ)
- きのう:ta tan (မနေ့က)
၂. သိရှိပြီးသား စကားလုံးများကို ပုံစံအုပ်စုခွဲကြည့်ပါ။
- tata အုပ်စု:ビル (အဆောက်အဦး) とり (ငှက်) ちず (မြေပုံ)
- tanta အုပ်စု:ビール (ဘီယာ) とおり (လမ်းမကြီး) チーズ (ချိစ်)
- tatan အုပ်စု:きのう (မနေ့က) りょこう (ခရီး) とけい (နာရီ)
၃. စကားသံစဉ်ပုံစံများအလိုက် အသံထွက်ကြည့်ပါ။
ပုံစံအုပ်စုတစ်ခု၏ဥပမာအနေဖြင့် စကားလုံးတစ်လုံးသာ သိသောအခါမျိုးတွင် ထိုစကားလုံးကို အနည်းဆုံး ၃ကြိမ်အထက် ထပ်ခါထပ်ခါကျော့၍ ရွတ်ဆိုကြည့်ပါ။
အသံထွက်လေ့ကျင့်ရာတွင် စကားလုံးတစ်လုံးနှင့် တစ်လုံးကြားတွင် ရပ်နားခြင်းမပြုဘဲ၊ သံစဉ်ကို ဂရုပြုပြီး လေ့ကျင့်ကြည့်ပါ။
အသံထွက်နိုင်သွားပါက၊ စကားလုံးများ၏နောက်တွင် ဝိဘတ်များ (+は・が・を・にစသဖြင့်)ကိုတွဲ၍ လေ့ကျင့်ကြည့်ပါ။
အမျိုးမျိုးသော စကားသံစဉ်အုပ်စုများကို အသံထွက်လေ့ကျင့်ကြည့်ကြပါစို့။
