အမျိူးမျိုးသော ကာရိုက်တာများဖြင့် သရုပ်ဆောင်ကြည့်ကြရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:အမျိူးမျိုးသော ကာရိုက်တာများ၏ ကွဲပြားသော စကားပြောဆိုပုံများကို သိနိုင်ပါတယ်။
- ဘယ်လိုလေ့လာမလဲ:သရုပ်ဆောင်ရင်း လေ့ကျင့်ပါမယ်။
- ဘာတွေသုံးပြီးလေ့လာမလဲ:အထူးအထွေမရှိပါ။
- ဘာတွေလိုအပ်မလဲ:အထူးအထွေမရှိပါ။
企画者:中川千惠子
1. 「好きだ。君は一人じゃない (၁. “သဘောကျတယ်။ မင်းတစ်ယောက်တည်းမဟုတ်ဘူး(မင်းမှာကိုယ်ရှိတယ်)။”)」
| キャラ | セリフ |
|---|---|
| 正義のヒーロー(ヒロイン)အဓိကဇာတ်ဆောင်မင်းသား၊ မင်းသမီး | 好きだ!君は、一人じゃない! |
| 悪役 ဗီလိန်ဇာတ်ကောင် | 好きだ。ふふふ…お前は、一人じゃない |
| 女王様・お嬢さま ဘုရင်မ၊ သမီးတော် | 好きですわ〜。あなたは、一人じゃないですのよ |
| ぶりっ子 မာယာများသော အမျိုးသမီး | ふふっ、好きよ!君は一人じゃないのよ! |
| 好青年 လူငယ်လေး(Cool guy) | 好きだ!君は一人じゃない! |
| チャラ男 ပလေးဘွိုင်း၊ | 好きだ!君は一人じゃなーい。 |
2. 車掌さん「あぶないですから、ドアから離れてください」(၂. ရထားဝန်ထမ်း “အန္တရာယ်များတဲ့အတွက်ကြောင့် အပေါက်ဝကနေ ဖယ်ပေးပါ”)
| 気持ち (စိတ်ခံစားချက်အခြေအနေ) | 言い方 (ပြောဆိုပုံ) |
|---|---|
| ပုံမှန် | あぶないですから、ドアから離れてください |
| အလျင်လိုနေသည် | あぶないですから、ドアから離れてください! (အသံအနည်းငယ်ကျယ်၊ မြန်မြန်ပြော) |
| အလိုမကျဖြစ်နေသည် | あぶないですから、ドアから離れてくだーさい!! (လူအများကြားနိုင်အောင်လို့ အသံကျယ်ကျယ်ဖြင့် မြန်မြန်ပြော) |
၃. ဆက်ဆံရေးပြေပြစ်ပြီး ဆွဲဆောင်မှုရှိသော ဆိုင်ဝန်ထမ်း
店員:いらっしゃいませ。あ、お客さま~お目が高い。ほんと似合ってます。はい。すばらしいです。今、これ超人気なんですよ。 (ကြွပါရှင်/ခင်ဗျာ။ အို... အစ်မ/အစ်ကိုရယ် အမြင်ရှိလိုက်တာ ဒါလေးနဲ့က တကယ်လိုက်ဖက်လွန်းတယ်။ အရမ်းမိုက်တာပဲ။ အခု ဒါလေးက အရမ်းလူကြိုက်များနေတာ)
客:そうですか。 (ဟုတ်လား။)
店員:はい。大きな声じゃ言えないんですけど、あの、アンジェリーナさんも愛用してるんですよ。(ဟုတ်။ အများကြားအောင်ကျယ်ကျယ်မပြောရဲပေမယ့် ဟို နာမည်ကြီး အန်ဂျလီနာတောင် ဒီဟာရှိတယ်)
客:そうなんですか。(ဟုတ်လား။)
၄. သမိုင်းဝင်ဇာတ်လမ်း
じい:姫、危のうございます。ここは、じいがまい…うっ…こ、腰が… (ဆရာ “မင်းသမီးလေးရေ အန္တရာယ်များတယ်၊ ဒီနေရာမှာ ကျွန်တော်မျိုးလာခဲ့...... အမလေး .ခါး....ခါးက)
彦太郎:姫、わたくしがお守り申し上げます。ははあ (ဟီကိုတရော “မင်းသမီးကို ကျွန်တော်မျိုးက ကာကွယ်ပါ့မယ်”)
姫:くるしゅうない。彦太郎がおれば、何事も心配ないのう (မင်းသမီး “ ကောင်းပါပြီ..ဟီကိုတရောသာ ရှိရင်.. ကျွန်ုပ် ဘာမှစိတ်သောကရောက်စရာမရှိတော့ပါဘူး”)
彦太郎:御意。ご心配、なさらぬよう (ဟီကိုတရော “ အမိန့်တော်အတိုင်းပါမင်းသမီး၊ စိတ်မပူပါနှင့်”)
姫:そちがおれば、安心じゃ。ほうびをとらすぞ。ほれ (မင်းသမီး “အသင်သာရှိရင် ကျွန်ုပ် စိတ်အေးပါပြီ။ ဆုလာဘ်လည်းချီးမြှင့်ရဦးမယ်။ ယူစေ”)
彦太郎:かたじけのうございます (ဟီကိုတရော “ ကျေးဇူးတော်ကြီးမြတ်လှကြောင်းပါဘုရား”)
姫:そなたにも、やるぞ。ほれ (မင်းသမီး “ အသင့်ကိုလည်း ချီးမြှင့်ရဦးမယ်၊ ယူစေ”)
じい:わたしにまで。なんとお優しい。ありがたき幸せ。じいはもう… (ဆရာ “ကျွန်တော်မျိုးအတွက်ပါ ဆုတော်ချီးမြှင့်တာ အရှင်မင်းသမီး သဘောကောင်းလိုက်တာ...... ကျွန်တော်မျိုးဝမ်းသာလှပါပြီ။ ကျွန်တော်မျိုးအတွက်ကတော့ လုံလောက်ပါပြီ...”)
ပြောပုံပြောနည်းက တစ်ခုတည်း တသမတ်တည်းရှိတာမဟုတ်ပါဘူး။ ဗီဒီယိုထဲတွင် ပါဝင်သော ပြောပုံပြောနည်းများကို မှီငြမ်းပြီး အမျိုးမျိုးသော ပြောပုံပြောနည်းများကို သတိပြုလေ့လာကြည့်ကြရအောင်။
