つたえる はつおん

သံညင်း၊ သံပြင်း

ဃောသသံ(သံပြင်း)(voiced sound) ဆိုသည်မှာ အသံကြိုးကို လှုပ်ခါအောင်လုပ်ပြီး ထွက်လာသော အသံများကို ခေါ်ပါသည်။ “ggg…” ဟုအသံထွက်ရင်း လည်ပင်းကို လက်ဖြင့် ထိကြည့်မည်ဆိုလျှင် တုန်ခါမှုကို ခံစားနိုင်ပါသည်။ အဃောသသံ (သံညင်း)(unvoiced sound) ဆိုသည်မှာ အသံကြိုးကို မလှုပ်ခါဘဲ ထွက်ဆိုနိုင်သော အသံများကို ဆိုလိုပါသည်။ “kkk…” ဟု အသံထွက်ရင်း လည်ပင်းကို လက်ဖြင့် ထိကြည့်လျှင် တုန်ခါမှုကို ခံစားနိုင်မည်မဟုတ်ပါ။ ဂျပန်ဘာသာတွင် か行 နှင့် が行၊ さ行 နှင့် ざ行၊ た行 နှင့် だ行၊ ぱ行 နှင့် ば行တို့ကဲ့သို့ သံညင်းနှင့် သံပြင်း ကွာခြားမှုများရှိပြီး၊ ထိုကွာခြားမှုများကြောင့် စကားလုံးရဲ့ အဓိပ္ပါယ်လည်း ပြောင်းလဲသွားနိုင်ပါသည်။ ဥပမာအားဖြင့်「がっこう」(school) / 「かっこう」(style)、「てんき」(weather) / 「でんき」(electricity)စသော စကားလုံးများဖြစ်ပါသည်။

ときどき / どきどき だいがく / たいがく きんいろ / ぎんいろ ピザ / ビザ

ဗီဒီယိုကိုကြည့်ပြီး လေ့လာကြမယ်

ကိုယ်ခန္တာလှုပ်ရှားမှုဖြင့် လေ့ကျင့်ရအောင် ー「か・が」「た・だ」အသံထွက်များကို လေ့ကျင့်ခြင်း―