つたえる はつおん

အသံအနိမ့်အမြင့်

အသံအနိမ့်အမြင့် (Intonation)သည် (၁) ဝါကျတစ်ကြောင်းလုံး၏ အသံအနိမ့်အမြင့်၊ (၂) ဝါကျအဆုံးပိုင်း၏ အသံအနိမ့်အမြင့် ကိုဆိုလိုပါသည်။ ဂျပန်ဘာသာစကားသည် အခြားသော ဘာသာစကားများနှင့်အလားတူ၊ အသံအနိမ့်အမြင့်ပြောင်းလဲမှုပေါ်မူတည်၍ ပြောသူ၏ ရည်ရွယ်ချက်လည်း ပြောင်းလဲတတ်ပါသည်။ ဥပမာအားဖြင့် (၁) ဇာတ်ကြောင်းပြောဆိုခြင်း (Narration)တွင် ဟီရာဂနစာလုံး 「へ」 ပုံစံကဲ့သို့ အစပိုင်းတွင် အသံကို မြင့်မြင့် ထွက်ပြီး၊ နောက်ပိုင်းမှာ တဖြည်းဖြည်း နိမ့်အောင် အသံထွက်ရပါသည်။ (၂) မေးခွန်းမေးသောအခါ 「食べる↗」ဟု ပြောသော်လည်း၊ ဖြေသောအခါ 「食べる↘」ဟု ပြောရပါသည်။

そうですか ほんとう 〜じゃない そうですね

ဗီဒီယိုကိုကြည့်ပြီး လေ့လာကြမယ်

နားထောင်ရလွယ်ပြီး နားလည်လွယ်အောင် အသံထွက်ရအောင် ーအဖြတ်အတောက်ဖြင့် ဖတ်နည်း(Slash Reading) ဖြင့် လေ့ကျင့်ခြင်း― မိမိရေးသားထား‌သော စာကြောင်း၏ စံအသံထွက်ကိုနားထောင်ပြီး လေ့ကျင့်ကြည့်ရအောင် မိမိရဲ့ ခံစားချက်ကို တစ်ဖက်သူနားလည်အောင် ဖော်ပြကြရအောင် 「そうですか」 မိမိရဲ့ စိတ်ခံစားချက်ကို တစ်ဖက်သူနားလည်အောင် ဖော်ပြကြရအောင်「いいですよ」 မိမိရဲ့ စိတ်ခံစားချက်ကို တစ်ဖက်သူနားလည်အောင် ဖော်ပြကြရအောင်「きれいじゃない」 တစ်ပြိုင်တည်း လိုက်၍တုပပြောဆိုနည်း (Shadowing) ဖြင့် အသံထွက်ပြေပြစ်အောင် လေ့ကျင့်ကြည့်ရအောင် တစ်ဖက်လူနားလည်လွယ်အောင် ပြောဆိုကြရအောင်