つたえる はつおん

မိမိအသံထွက်ရဲ့ စကားသံစဉ်ကို စစ်ဆေးကြည့်ကြရအောင် ーအသံခွဲခြမ်းစိတ်ဖြာသောဆော့ဖ်ဝဲ Praatကို အသုံးပြုပြီးလေ့ကျင့်ခြင်းー

အကျဉ်းချုပ်

企画者:木下直子

လုပ်ဆောင်ပုံအဆင့်ဆင့်

အသံခွဲခြမ်းစိတ်ဖြာသောဆော့ဖ်ဝဲ Praat ကို ဒေါင်းလုပ်ဆွဲပါ။

၁. 「New」မှတဆင့် 「Record mono sound…」ကိုရွေးပါ။

၂. 「Sound Recorder」မှ「Record」ကိုနှိပ်ပြီး အသံထွက်ပါ။ ထို့နောက် 「Stop」ကိုနှိပ်ပါ။ (ဥပမာ 「ぶた」「ぶった」)

*အသံထွက်ကို ဖမ်းယူရာတွင် တတ်နိုင်သမျှ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် လုပ်ဆောင်ပါ။

၃. 「Name」တွင် ဖိုင်အမည်ကိုရေးသားပြီး 「Save to list」ကိုနှိပ်ပါ။

၄. 「Praat Objects」စာရင်းထဲမှ ၃. တွင် မှတ်သားထားခဲ့သော ဖိုင်ကို ရွေးချယ်ပြီး 「View & Edit」ကိုနှိပ်ပါ။

၅. အသံလှိုင်းပုံများ ပေါ်လာမည်ဖြစ်ပါသဖြင့်၊ dragဆွဲပြီး အသံအလျားကို တိုင်းတာကြည့်ပါ။

れい:ぶった

 
အသံအလျား (ms) 0.12 0.26 0.28

အသံအလျားဟာ လူတစ်ဦးချင်းစီနှင့် စကားပြောအမြန်နှုန်းအပေါ် မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ သို့သော် အသံတိတိကျကျ မထွက်သော「っ」အသေးရဲ့ အသံအလျားဟာ「ぶ」၊「た」တို့နဲ့ တူညီနေရပါမယ်။ ဒီဥပမာကိုကြည့်ရင် 「っ」အသေးနဲ့ 「た」ကအသံအလျားတူညီသလောက်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။