မိမိရေးသားထားသော စာကြောင်း၏ စံအသံထွက်ကိုနားထောင်ပြီး လေ့ကျင့်ကြည့်ရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ :ကိုယ်ရေးထားသော စာကြောင်းရဲ့ လေယူလေသိမ်း၊ အသံအတက်အကျများကို သိနိုင်ပါတယ်။ ထိုစာကြောင်းရဲ့ စံအသံထွက်ကို နားထောင်ရင်း အသံထွက်လေ့ကျင့်နိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ:အမှတ်သင်္ကေတကိုကြည့်ရင်း လေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ: OJAD prosody tutor Suzuki
- ဘာတွေပြင်ဆင်ရမလဲ:အသံထွက်လိုသော စာကြောင်း
企画者:中川千恵子
လုပ်ဆောင်ပုံအဆင့်ဆင့်
OJADစာမျက်နှာကိုသွားပါ။

၂. ဘယ်ဘက်တွင်ရှိသော「OJAD4機能( 4 Features of OJAD)」မှ 韻律読み上げチュータスズキクン (Prosody Tutor Suzuki)」 ကိုရွေးပါ။

၃. စာကြောင်းကို ထည့်သွင်းရေးသားပါ။
例:鶏と卵、どちらが先か。この問題は科学の問題だけではありません。数学者は「卵の数から鶏の数を予測できるが、鶏の数から卵の数を予測できる逆の関係は無いから、卵が先であると結論づけています。
ဥပမာ:ကြက်မနဲ့ ကြက်ဥ ဘယ်ကအရင်စဖြစ်ပါသလဲ။ ဒါက သိပ္ပံပညာရဲ့ ပြဿနာတစ်ခုတည်း မဟုတ်ပါဘူး။ သင်္ချာပညာရှင်တွေကတော့ ဥအရေအတွက်ကိုကြည့်ပြီး ကြက်အရေအတွက်ကို ခန့်မှန်းလို့ရပေမယ့်၊ ကြက်အရေအတွက်ကနေ ဥအရေအတွက်ကိုတော့ ခန့်မှန်းလို့ မရတဲ့အတွက်ကြောင့် ဥတွေက အရင်စဖြစ်တယ်လို့ အဖြေထုတ်ကြပါတယ်။

၄. အောက်ပါနေရာများတွင် အဖြတ်အတောက်သင်္ကေတ (/)ကိုရေးထည့်ပါ။
- ၁)ဝိဘတ်စကားလုံးများ၏နောက်
- 例:4月から / 日本の大学に / 通っています。 (ဥပမာ:ဧပရယ်လကစပြီး ဂျပန်ကတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ်။)
- ၂)ရှည်လျားသော(အသံ(Mora)၁၅သံအထက်)အထူးပြုပ်ပုဒ်စုမှ အဓိပ္ပာယ်အားဖြင့် ဖြတ်တောက်လွယ်သောနေရာ
- 例:初めて確認された / ウィルス性の感染症です。 (ဥပမာ:ပထမဆုံးအကြိမ် အတည်ပြုတွေ့ရှိခဲ့သော ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ကူးစက်ရောဂါ ဖြစ်ပါသည်။)

၅. အောက်ဘက်ရှိ Setting မှ 「ピッチパターン(Pitch Contour)」နေရာတွင်「アクセントを考慮したカーブ(上級者用)(Pitch Contour with Accents (Advanced))」ကို၊「テキスト上のアクセント(Accent above text)」နေရာတွင်「上級者用(Advanced)」ကိုရွေး၍ 、「実行(Analyze)」ကိုနှိပ်ပါ။

ထည့်သွင်းလိုက်သော စာကြောင်းရဲ့ လေယူလေသိမ်း၊ အသံအနိမ့်အမြင့်များကို မြင်ရပါလိမ့်မယ်။

「作成(Generate)」ကိုနှိပ်ပါက၊ စာကြောင်းရဲ့ စံအသံထွက်ကို နားဆင်နိုင်မည်ဖြစ်ပါတယ်။


