နားထောင်ရလွယ်ပြီး နားလည်လွယ်အောင် အသံထွက်ရအောင် ーအဖြတ်အတောက်ဖြင့် ဖတ်နည်း(Slash Reading) ဖြင့် လေ့ကျင့်ခြင်း―
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:ရှည်လျားသော စာကြောင်းကို တစ်ဖက်သူ နားလည်လွယ်အောင် ပြောဆိုနိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ:အဖြတ်အတောက်သင်္ကေတ (Slash)၊ အသံအနိမ့်အမြင့်ဖော်ပြသောပုံများကို ကြည့်ကာလေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ:ဘောပင်
- ဘာတွေပြင်ဆင်ရမလဲ:စာကြောင်းရှည်
企画者:中川千惠子、川村幸
လုပ်ဆောင်ပုံအဆင့်ဆင့်
၁. စာကြောင်းမှ ခန်းဂျီးစကားလုံးပါရှိသော နေရာများတွင်၎င်းတို့၏အသံထွက်ကို ဟီရဂန (ひらがな) ဖြင့် မှတ်သားပါ။
၂, စာကြောင်းတွင် အဖြတ်အတောက်သင်္ကေတ 「/(Slash)」ကိုထည့်သွင်းပါ။
[ဖြတ်တောက်ရမည့်နေရာ]
- ဝိဘတ်စကားလုံးများ (ဥပမာ:に、とစသဖြင့်) ၏အနောက်
- စကားဆက်များ(ဥပမာ:そして、しかしစသဖြင့်)၏အနောက်、ဆက်စပ်ဝိဘတ်စကားလုံးများ(ဥပမာ:~て、~たりစသဖြင့်)၏အနောက်
- အထူးပြုအစုကရှည်လျားနေသောအခါ(အသံ(Mora)၁၅သံ၊ ဟီရဂန (ひらがな) ၁၅လုံးအထက်)
- နာမ်စကားစု၏ အရှေ့
- အလေးပေးပြောဆိုလိုသော စကားလုံး၏အရှေ့
၃.အဖြတ်အတောက်သင်္ကေတ 「/(Slash)」တစ်ခုနှင့်တစ်ခုကြားတွင်「へ」ပုံသဏ္ဌာန်အသံအနိမ့်အမြင့်ကိုဖော်ပြသော ပုံကိုရေးဆွဲပါ။
၃.「へ」စာလုံးအတိုင်း အစပိုင်းတွင် အသံမြှင့်ပြီး တဖြည်းဖြည်း အသံနှိမ့်ကာ အသံထွက်ကြည့်ပါ။ အဖြတ်အတောက်သင်္ကေတ 「/(Slash)」နေရာတွင် ရွတ်ဆိုမှုကို ခေတ္တရပ်နားရန် သတိပြုပါ။
