အာမေဋိတ်စကားလုံးများကို အသုံးပြုကြည့်ရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:အာမေဋိတ်စကားလုံးများရဲ့ အသုံးပြုပုံပြုနည်းကို သိနိုင်ပါတယ်။
- ဘယ်လိုလေ့လာမလဲ:ဇာတ်လမ်းစာသားများမှတဆင့် လေ့လာပါမယ်။
- ဘာတွေအသုံးပြုမလဲ:အထူးအထွေမရှိပါ။
- ဘာတွေလိုအပ်မလဲ:အထူးအထွေမရှိပါ။
企画者:中川千惠子
၁. အထက်အောက်ဆက်ဆံရေး
- へええ! (အံ့သြသောအခါ၊ ထိတ်လန့်သောအခါ)
- わあ、すごい! (ချီးကျူးသောအခါ)
- いや、そんな… (အဲဒီလိုမဟုတ်ပါဘူး တကယ်တော်တာပါ(「そんなことはない。すばらしい」လို့ပြောလိုသောအခါ))
「ふん!」「なるほど」: တစ်ဖက်သူကို အလေးမထားဘဲ နိမ့်ချပြောဆိုနေသကဲ့သို့ ခံစားရစေပါတယ်။
「そうですか↘」: တစ်ဖက်သူရဲ့ စကားကို စိတ်ပါဝင်စားမှုမရှိသကဲ့သို့ ခံစားရစေပါတယ်။

၂. သူငယ်ချင်းနှင့်စကားပြောသောအခါ
- マジで? (တကယ်လား?လို့ပြောချင်သောအခါ)
- わあ、すごい! (ချီးကျူးသောအခါ)
- ええ、よくいうよ (အဲဒီလိုမဟုတ်ပါဘူး တကယ်တော်တာပါ(「そんなことはない。すばらしい」လို့ပြောလိုသောအခါ))
၃. အနုတ်သဘောတောင်သော စကားလုံး
- あ~あ、もうやってらんない (တော်ပြီ၊ ဆက်မလုပ်နိုင်တော့ဘူး လို့ပြောလိုသောအခါ)
၄. အပေါင်းလက္ခဏာဆောင်သော စကားလုံးများ
- やったー! (တစ်ခုခုလုပ်နိုင်ခဲ့ကြောင်းကို ဖော်ပြလိုသောအခါ၊ ကောင်းသောရလဒ်ထွက်၍ ပျော်ရွှင်ဝမ်းသာသောအခါ)
- わあい! (ပျော်ရွှင်ဝမ်းသာသောအခါ)
「もう」၏အဓိပ္ပာယ်
- もう来ない (မလာတော့ပါဘူး)
- もう10分待って (နောက်ထပ်၁၀မိနစ်လောက်စောင့်ပါဦး)
- もういや (မလုပ်ချင်တော့ဘူး)
အာမေဋိတ်စကားလုံးများကိုအသုံးပြုပါက စကားဝိုင်းသည် ပို၍တက်ကြွအသက်ဝင်လာတတ်ပါတယ်။ အခွင့်အခါသင့်ပါက ဆက်ဆက် စကားပြောရာမှာ ထည့်သွင်း အသုံးပြုကြည့်ပါ။
