「つ」အသံထွက်ကိုလေ့ကျင့်ကြည့်ရအောင်
အကျဉ်းချုပ်
- ဘာတွေလုပ်နိုင်မလဲ 「つ」အသံကိုထွက်ဆိုနိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ: ခန္တာကိုယ်ကိုလှုပ်ရှားပြီးလေ့ကျင့်ပါမယ်။
- ဘာကိုအသုံးပြုမလဲ:အထူးအထွေကိရိယာမလိုအပ်ပါ။
- ဘာတွေလိုအပ်မလဲ:「つ」အသံပါရှိသောစကားလုံးများ။
企画者:川口義一・木下直子
လေ့ကျင့်နည်းအဆင့်ဆင့် (က)
လက်ဖြင့် 「つ」ကိုအသံထွက်ကြည့်ခြင်း
- ၁. ဘယ်ဘက်လက်ဖဝါးပေါ်ကို ညာဘက်လက်ငါးခြောင်း၏ထိပ်ဖြင့် ခပ်ပြင်းပြင်းလေး တို့ထိပါ။
- ၂. အထက်ပါအတိုင်း လက်ကို လှုပ်ရှားရင်း လက်ခြောင်းထိပ်ကတို့ထိမိသောအချိန်တွင် /ts/ဟုအသံထွက်ကြည့်ပါ။
/ts/ကိုသာထွက်ပါ။ う အသံကို သိသာထင်ရှားစွာ မထွက်ဆိုမိစေရန်သတိပြုပါ။
「つ」အသံပါဝင်သော စကားလုံးများဖြင့် အသံထွက်လေ့ကျင့်ရအောင်။ လေ့ကျင့်ရာတွင် 「つ」အသံက အသံထွက်အစပိုင်းတွင်ရှိသောစကားလုံး ၊ အဆုံးတွင်ရှိသောစကားလုံး၊ အလယ်တွင်ရှိသောစကားလုံး ဟူ၍ အစီအစဥ်အလိုက် လေ့ကျင့်ကြည့်ပါ။
ပထမဦးစွာ လက်ကိုလှုပ်ရှားရင်းအသံထွက်လေ့ကျင့်ပါ။ ထို့နောက် လက်လှုပ်ရှားမှုမပါဘဲ အသံထွက်ကြည့်ပါ။
- အစပိုင်းတွင်「つ」အသံရှိသောစကားလုံးများ:「つき」 လ၊ 「つくえ」စားပွဲ
- အဆုံးတွင်「つ」အသံရှိသောစကားလုံးများ:「みっつ」သုံးခု၊「いくつ」ဘယ်နှခု
- အလယ်တွင်「つ」အသံရှိသောစကားလုံးများ:「ふつう」ပုံမှန်၊「いつか」တစ်ချိန်ချိန်
လေ့ကျင့်နည်းအဆင့်ဆင့် (ခ)
「す」နှင့်「つ」သည် အသံထွက်ရာတွင် နှုတ်ခမ်း၏လှုပ်ရှားပုံချင်းတူညီသောကြောင့် 「す」အသံထွက်ကိုအသုံးပြုပြီး 「つ」အသံထွက်ကို လေ့ကျင့်နိုင်ပါတယ်။
「す」ကိုအသံထွက်ဆိုရင်း နှုတ်ခမ်းအနေအထားကို မပြောင်းလဲဘဲ၊ လျှာကို အပေါ်သွားရင်း၏အနောက်သို့ကပ်ပြီး 「す」ကိုအသံထွက်ကြည့်ပါ။
「すーつ」「すーつ→すつ」「すつ→つ」「つ」စသဖြင့် တစ်ဆင့်ချင်းလေ့ကျင့်ကြည့်ပါ။
စကားလုံးများဖြင့် လေ့ကျင့်ခြင်း
- ၁. 「つうしん」နှင့်「ちゅうしん」ဖြင့်လေ့ကျင့်ခြင်း
- ၂. အဓိပ္ပါယ်ကိုစဉ်းစားရင်း 「通信」(ကြားခံဆက်သွယ်ရေး) နှင့် 「中心」(အချက်အချာ၊ဗဟို) စကားလုံနှစ်လုံးကို အသံထွက်ကြည့်ပါ။
「つ」နှင့်「ちゅ」၏ (အသံထွက်)ကွဲပြားမှုကို သတိထားကာ ဘေးပတ်ဝန်းကျင်မှ အခြားသူများ၏ အသံထွက်ကို နားထောင်ရင်း လေ့ကျင့်ကြည့်ပါ။
