「ざ行」အသံများကို လေ့ကျင့်ကြည့်ရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ :「ざ行」အသံများကိုထွက်ဆိုနိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ: ခန္တာကိုယ်ကိုလှုပ်ရှားပြီးလေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ:အထူးအထွေမရှိပါ။
- ဘာတွေပြင်ဆင်ရမလဲ:「ざ行」မှအသံများပါရှိသောစကားလုံးများ။
企画者:川口義一・木下直子
လုပ်ဆောင်ပုံအဆင့်ဆင့်
၁။ လက်နှစ်လက်ကို ရေစိုအဝတ်ကိုညှစ်သည့်ဟန် လှုပ်ရှားရင်း (ပါးစပ်မှ)「zzzzz…」ဟုအသံထွက်ပါ။
- 「zzzzz…」ကိုထွက်ဆိုရင်း အဝတ်ညှစ်ဟန်လှုပ်ရှားနေသောလက်ကို ဖြည်လျော့ရင်း (ပါးစပ်မှ)「ぞ」ဟုအသံထွက်ပါ။
→ 
- 「zzzzz…」ကိုထွက်ဆိုရင်း အဝတ်ညှစ်ဟန်လှုပ်ရှားနေသောလက်ကို အကုန် မဖြည်လျော့ခင် တဝက်ခန့်တွင် ရပ်လိုက်ပါ။ ထိုအချိန်တွင် ထွက်ဆိုလိုက်သောအသံသည် 「ず」ဖြစ်ပါတယ်။ ( 「z+う」ဟု သီးခြားစွာအသံမထွက်မိစေရန်သတိပြုပါ။ )
- 「zzzzz…」ကိုထွက်ဆိုရင်း အဝတ်ညှစ်ဟန်လှုပ်ရှားနေသော လက်နှစ်ဖက်ကို အစွမ်းကုန်ဖွင့်ကာ 「あ」အသံထွက်ကိုပေါင်းဆိုပါက 「ざ」အသံထွက်ရပါမယ်။
- 「zzzzz…」ကိုထွက်ဆိုရင်း အဝတ်ညှစ်ဟန်လှုပ်ရှားနေသော လက်နှစ်ဖက်ကို အနည်းငယ်ဖွင့်ကာ 「え」အသံထွက်ကိုပေါင်းဆိုပါက 「ざ」အသံထွက်ရပါမယ်။
၂။ 「ざ行」အသံများပါဝင်သော စကားလုံးများဖြင့် အသံထွက်လေ့ကျင့်ရအောင်။ လေ့ကျင့်ရာတွင် 「ざ行」အသံများက အသံထွက်အစပိုင်းတွင်ရှိသောစကားလုံး ၊ အဆုံးတွင်ရှိသောစကားလုံး၊ အလယ်တွင်ရှိသောစကားလုံး ဟူ၍ အစီအစဥ်အလိုက် လေ့ကျင့်ကြည့်ပါ။
ဉပမာ ၁ 「ざ行」အသံများက အသံထွက်အစပိုင်းတွင်ရှိသောစကားလုံးများ
- 「ぞうきん」(လက်သုတ်အဝတ်)
- 「ざんねん」(စိတ်မကောင်းခြင်း)
- 「ずっと」(တောက်လျောက်)
ဉပမာ ၂ 「ざ行」အသံများက အသံထွက်အဆုံးတွင်ရှိသောစကားလုံးများ
- 「どうぞ」(တစ်ဖက်လူအား တစ်ခုခုလုပ်ရန်ခွင့်ပြုသောအခါ၊ လုပ်စေချင်သောအခါသုံးသောအသုံးအနှုန်း)
- 「チーズ」(ချိစ်)
- 「せいざ」(ပုဆစ်တုပ်ထိုင်ခြင်း)
ဉပမာ ၃「ざ行」အသံများက အသံထွက်၏အလယ်တွင်ရှိသောစကားလုံးများ
- 「あんぜん」(ဘေးကင်းသော)
- 「こうぞう」(တည်ဆောက်ပုံ)
- 「とうざいせん」တိုးဇိုင်းလိုင်း (ဂျပန်မြေအောက်ရထားလိုင်းတစ်လိုင်း၏အမည်)
၃။ အထက်ဖော်ပြပါနည်းလမ်းဖြင့် အသံထွက်နိုင်သွားပါက လက်လှုပ်ရှားမှုမပါဘဲ ကြိုးစားအသံထွက်ကြည့်ပါ။
