ဂျပန်ကြိယာစကားလုံးများရဲ့ လေယူလေသိမ်း (accent) စည်းမျဉ်းများကို သိနားလည်ကြရအောင်
အကျဉ်းချုပ်
- ဘာလုပ်နိုင်မလဲ: ကြိယာစကားလုံးများ၏ လေယူလေသိမ်း (accent) စည်းမျဉ်းကို နားလည်ပြီး ခွဲခြားနိုင်စွမ်းရရှိပါမယ်။
- ဘယ်လိုလေ့လာမလဲ : Pitch curve (အသံအမြင့်ဖော်ပြသောပုံ) နဲ့ လက်လှုပ်ရှားမှုကို အသုံးပြုပြီး အသံအမြင့်အနိမ့်ကို ခံစားသိနိုင်အောင် လေ့ကျင့်ပါမယ်။
- ဘာကိုအသုံးပြပြီးလေ့လာမလဲ:အထူးအထွေမရှိပါ။
- ဘာတွေလိုအပ်မလဲ: ကြိယာစကားလုံးများစာရင်း
企画者:中川千惠子・木下直子
(၁) ကြိယာစကားလုံး၏ လေယူလေသိမ်း (accent)
ဂျပန်ကြိယာစကားလုံးများတွင် အသံအနိမ့်အမြင့်မရှိဘဲ တစ်ပြေးတည်း အသံထွက်သော ကြိယာစကားလုံးနှင့် အသံအနိမ့်အမြင့်ရှိသော (ပထမအသံကိုထွက်ဆိုအပြီးအသံအကျရှိသော) ကြိယာစကားလုံး ဟူ၍ အမျိုးအစားနှစ်မျိုးရှိပါသည်။ ဂျပန်ဘာသာတွင် ပထမအမျိုးအစားကို ”丘の動詞”တောင်ကုန်းကြိယာဟုခေါ်ဆိုပြီး ဒုတိယအမျိုးအစားကို “山の動詞” တောင်မြင့်ကြိယာဟုခေါ်ဆိုကြပါသည်။
Dictionary Formတွင် အသံအနိမ့်အမြင့်မရှိသော ကြိယာ

Dictionary Formတွင် ပထမအသံကိုထွက်ဆိုအပြီးအသံအကျရှိသော ကြိယာ

| 辞書形 | て形 | た形 | |
| 丘の動詞 | かう(買う) | かって(買って) | かった(買った) |
| 山の動詞 | か˥う(飼う) | か˥って(飼って) | か˥った(飼った) |
(၂) လေ့ကျင့်ခန်း
လေ့ကျင့်သူနှစ်ဦးဖြင့် လေ့ကျင့်ပါမယ်။ တစ်ဦးက အောက်ဖော်ပြပါ စကားပြောမှ A1 သို့မဟုတ် A2 ကို မေးပါမယ်။ ကျန်တစ်ဦးက အမေးကို နားထောင်ပြီး A1 ကိုမေးသည်ဟုထင်ပါက B1 ကိုဖြေပါ။ A2 ကိုမေးသည်ဟုထင်ပါက B2 ကို ဖြေပါ။ လေ့ကျင့်ကြည့်ကြရအောင်။
Q1
A1:あのう、ちょっと 来˥ていただけませんか。 B1:はい、行きます。
A2:あのう、ちょっと 着ていただけませんか。 B2:ええ。でもサイズが合うかなあ。
Q2
A1:もうか˥える(帰る)? B1:ううん、まだかえら˥ない。時間き˥てないし。
A2:もう変える? B2:ううん、まだかえない。まだ新しいし。
