ဝမ်းသာခြင်း၊ ဒေါသဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း (喜怒哀楽)၊ ယဉ်ကျေးသမှုပြခြင်း စသော ခံစားချက်များကို အသံအမြင့်၊ အသံအား၊ အမြန်နှုန်း၊ အသံ၏တက်ကြွမှု၊ ခေတ္တရပ်နားချိန် စသည်တို့ကို အသုံးပြုပြီးဖော်ပြပါသည်။ စကားပြောသောအမြန်နှုန်းကို တစ်သမတ်တည်း ထားပြီး၊ အသံတက်ကြွမှု၊ အသံအားတို့ကိုလည်း အပြောင်းအလဲမရှိဘဲ အသံထွက်လျှင် စက်ရုပ်တစ်ရုပ်က စာဖတ်နေသကဲ့သို့ ထင်မှတ်ခံရနိုင်ပါသည်။ဥပမာအားဖြင့်「実は僕が犯人です」 ဟု အရပ်မနားမရှိဘဲ ပုံမှန် ပြောပါက ကြောက်ရွံ့တုံ့ဆိုင်းမှု မရှိသကဲ့သို့ ကြားရနိုင်ပါသည်။ သို့သော်「実は……。僕が……犯人なんです!!!」ကဲ့သို့ ကြားတွင်မပြောဘဲခေတ္တရပ်ထားသောအချိန်ကိုထည့်လိုက်ပါက သတ္တိမွေးပြီးပြောလိုက်ရခြင်း၊ စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေရခြင်းစသော ခံစားချက်များကို နားထောင်သူထံ ပိုပြီး ပို့ဆောင်နိုင်ပါသည်။ စကားကိုအာရုံစိုက် နားထောင်ကြောင်းပြသသည့် စကားလုံးများ (あいづち) အသုံးပြုပုံပေါ်မူတည်ပြီးစကားဝိုင်းကိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းအောင်ဖန်တီးနိုင်သလို၊ ပျင်းစရာကောင်းအောင်လည်း ဖြစ်စေနိုင်ပါသည်။ ဒရာမာ သို့မဟုတ် ကာတွန်းရုပ်ရှင်များကို ကြည့်သောအခါ အကြောင်းအရာတင်မက “ဘယ်လို ပြောသွားသလဲ” ကိုလည်း သတိထားပြီး ကြည့်ရှုလေ့လာကြည့်ပါ။