သရသံ(vowel) ဆိုသည်မှာ ပါးစပ်အတွင်းမှ အသက်ရှူလမ်းကြောင်းကို မတားဆီးဘဲ ထွက်ဆိုသော အသံဖြစ်ပြီး၊ ဗျည်းသံ(consonant) ဆိုတာက လျှာ(tongue)၊နှုတ်ခမ်း(lips) စသည်တို့ဖြင့် လေလမ်းကြောင်းကို တားဆီးခြင်း သို့မဟုတ် အနှောင့်အယှက်ပြုလုပ်ခြင်းဖြင့် ဖန်တီးထွက်ဆိုသော အသံများ ဖြစ်ပါသည်။ ဂျပန်ဘာသာ၏ သရသံ 「あ・い・う・え・お」 များကိုမူ ပါးစပ်ပုံသဏ္ဍာန်ကို ပြောင်းလဲပြီး အသံထွက်ဆိုပါသည်။「ဗျည်းသံ+သရသံ」 ဖြစ်သော「ま」 ကို အသံထွက်ဆိုသောအခါ ပါးစပ်ကို တစ်ခါပိတ်ပြီးမှ အသံထွက်ဆိုရပါသည်။「さ」 ကိုမူခံတွင်းအတွင်း၌ လျှာဖြင့် အလွန်ကျဉ်းမြောင်းသော လေလမ်းကြောင်းတစ်ခုကို ဖန်တီးပြီးထွက်ဆိုရပါသည်။ ခက်ခဲသော သရသံ၊ ဗျည်းသံများရှိပါက၊ ထိုအသံများ၏ ထွက်ဆိုပုံ (ပါးစပ်ပုံသဏ္ဍာန်နှင့် လျှာ၏တည်နေရာ) ကို သေချာစစ်ဆေးကြည့်ခြင်းဖြင့် အသံထွက်ဆိုပုံကို လေ့လာနိုင်ပါသည်။