စကားသံစဉ်သည် အသံတစ်ခုကို ထပ်ခါတလဲလဲ ကြားရတဲ့အခါမှာ ခံစားနိုင်ပါသည်။ ဂျပန်ဘာသာတွင် “သရ (あいうえお)” သို့မဟုတ် “ဗျည်း (consonant)” တစ်ခုစီသည် အများအားဖြင့် အသံကြာချိန်သည် အတူတူခန့် ရှိတတ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် かな စာလုံး တစ်လုံးကို ထွက်ဆိုရန်ကြာချိန်သည် အများအားဖြင့် အတူတူခန့် ရှိတတ်ပါသည်။ かな တစ်လုံးစာထွက်ဆိုရန်ကြာချိန်ကို “၁” ဟုသတ်မှတ်ပြီး၊ နှစ်လုံးစာရဲ့ ကြာချိန်ကို “၂” လို့ ရေးပါသည်။ ထပ်ခါထပ်ခါ ထွက်ဆိုလိုက်သော အသံရဲ့ ကြာချိန် ပြောင်းလဲသွားလျှင် စကားလုံး၏အဓိပ္ပါယ်လည်း ပြောင်းသွားနိုင်ပါသည်။ ဥပမာအားဖြင့် “ちず(map/မြေပုံ)” နဲ့ “チーズ(cheese)” သည် ဝဏ္ဏနှစ်လုံးပါ စကားလုံးများ ဖြစ်သော်လည်း “ちず” “あな” သည် အသံကြာချိန် “၁・၁” ဖြစ်ပြီး၊ ”チーズ” “あんな” ကတော့ “၂・၁” ဟုသတ်မှတ်ပါသည်။