နရီချိန်စက်(Metronome)ကိုအသုံးပြုပြီး စကားသံစဉ်ကိုလေ့ကျင့်ကြည့်ရအောင် ーထူးခြားသောမိုရာ(special mora) များပါဝင်သော စကားလုံးများကို အသံထွက်လေ့ကျင့်ခြင်းー
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ :ထူးခြားသောမိုရာ(special mora) များကို ခံစားသိရှိနိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ :နရီချိန်စက်ရဲ့အသံနှင့်တွဲပြီး လေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ :နရီချိန်စက်
- ဘာတွေလိုအပ်မလဲ :လေ့ကျင့်လိုသော စကားလုံး
ထူးခြားသောမိုရာ(special mora)ဆိုသည်မှာ つ အသေး၊ အသံရှည်ဆွဲသံ(Long Vowel)၊ んအသံ တို့ကိုခေါ်ပါတယ်။
企画者:木下直子
လုပ်ဆောင်ပုံအဆင့်ဆင့်
၁. အင်တာနက်တွင် “Online Metronome” ဟုရိုက်ရှာပါ။ နှစ်သက်ရာတစ်ခုကိုရွေးပြီး အမြန်နှုန်း (speed)ကို သတ်မှတ်ပါ။
၂. စကားသံများကို ၃ကြိမ်ရွတ်ဆိုလေ့ကျင့်ကြည့်ပါ။ အရောင်ရင့်စာလုံး(Boldစာလုံး)များကို နရီချိန်စက်၏အသံတစ်ချက်နှင့် တစ်ထပ်တည်းကျအောင်ရွတ်ဆိုမိစေရန် သတိပြုပါ။

အခြားသောစကားလုံးများကို လေ့ကျင့်လိုသောအခါ၊ နရီချိန်စက်၏ အသံတစ်ချက်နှင့်ひらがなနှစ်လုံးကို ကိုက်အောင် အသံထွက်ကြည့်ပါ။
အသံကြာချိန်ယူနှစ်( mora ) က မဂဏန်းဖြစ်ပါက (စာလုံး ၃လုံး၊ ၅လုံး စသဖြင့်)၊ စကားလုံးကိုတစ်ခါအသံထွက်ပြီးနောက် mora တစ်ခုစာ ရပ်နားပေးပါ။

၃. အမြန်နှုန်းကို အမျိုးမျိုးပြောင်းပြီး လေ့ကျင့်ကြည့်ပါ။ *အသံအမြန်ထွက်ဆိုချိန်တွင်လည်း သံစဉ်ပြောင်းမသွားစေရန် သတိပြုပါ။

၄. စကားလုံးများကို အသံထွက်နိုင်သွားပါက စာကြောင်းများကို ဆက်၍ လေ့ကျင့်ကြည့်ပါ။ ဥပမာ もっててください もってってください
အခြားသော စကားလုံးများကိုလည်း နရီချိန်စက်ဖြင့် အသံထွက်လေ့ကျင့်ကြည့်ကြပါစို့။
