မိမိရဲ့ စိတ်ခံစားချက်ကို တစ်ဖက်သူနားလည်အောင် ဖော်ပြကြရအောင်「いいですよ」
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:「OK」ဆိုတဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ:အသံအနိမ့်အမြင့်ကို ဖော်ပြသောပုံ (Pitch Curve) ကိုကြည့်ရင်း လေ့ကျင့်ပါမယ်။ အသံထွက်ကို နားထောင်ပြီးလည်း လေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ: အထူးအထွေမရှိပါ။
- ဘာတွေပြင်ဆင်ရမလဲ:အထူးအထွေမရှိပါ။
企画者:中川千恵子
လုပ်ဆောင်ပုံအဆင့်ဆင့်
၁. အသံအတက်အကျ (Intonation)၏ စည်းမျဉ်းစည်းကမ်းများကို မှတ်သားပါ။
: နောက်ဆုံးတွင် အသံကိုချ၍ ပြောပါက ငြင်းဆိုလိုသော အဓိပ္ပာယ်သက်ရောက်ပါတယ်။
: နောက်ဆုံးတွင် အသံကိုချ၍ ပြောပါက အဆင်ပြေကြောင်း OKကြောင်း အဓိပ္ပာယ်သက်ရောက်ပါတယ်။
၂. အသံအနိမ့်အမြင့်ကို ဖော်ပြသောပုံ (Pitch Curve) ကိုကြည့်ရင်း၊ တဖန်၊ ထိုပုံအတိုင်း လက်ကို လှုပ်ရှားရင်း လေ့ကျင့်ကြည့်ပါ။
ပိုမိုအသုံးချတတ်စေရန်
Goodနှင့် OKသည် အသံအတက်အကျ တူညီပါတယ်။ 「すごくいいですよ」ကိုပြောဆိုရာတွင်「すごく」အစား「すっごく」「すんごく」စသဖြင့်ပြောဆိုပါက၊ အလွန်ကောင်းမွန်ပါတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်ပါတယ်။
