အိုဆာကာဒေသိယစကားကို ပြောကြည့်ရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:အိုဆာကာဒေသိယစကားရဲ့ စကားလုံးများနှင့် အသံအနေအထားများကို သိနိုင်ပါတယ်။
- ဘယ်လိုလေ့လာမလဲ:အသံအတက်အကျအလိုက် လက်ကိုလှုပ်ရှားကြည့်ရင်း လေ့လာပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ: အထူးအထွေမရှိပါ။
- ဘာတွေပြင်ဆင်ရမလဲ :အထူးအထွေမရှိပါ။
企画者:中川千恵子、長谷部展子
တိုကျိုနှင့် အိုဆာကာ စကားလုံးများကွားခြားပုံ
၁. အသုံးအနှုန်း
だね → やね
- <東京> パーティーだね (ပျော်ပွဲရွှင်ပွဲပဲ) そうだね (အေးနော်)
- <大阪> パーティーやね そうやね
“လာမှာလား”ဟူသောအမေးစကား၏ ယဉ်ကျေးသောအသုံးအနှုန်း
- <東京> いらっしゃ˥るの?
- <大阪> 来はる˥ん?
ない → へん
- <東京> わから˥ないなあ (နားမလည်ဘူး)
- <大阪> わか˥らへんなあ
၂. လေယူလေသိမ်း (accent)
〈တိုကျို〉ဆရာ/ဆရာမ (အသံအနိမ့်အမြင့်ဖော်ပြသောပုံကိုကြည့်ပါက တောင်ကုန်းသဏ္ဍာန်ဖြစ်နေပါသည်။ တနည်းဆိုသော် အစပိုင်း စကားသံမှစ၍ ဖြည်းဖြည်းချင်းအသံကိုမြှင့်ပြီး စကားလုံးအလယ်တစ်နေရာတွင် အသံကိုချ၍ထွက်ဆိုရသော အသံထွက်နည်းဖြစ်ပါသည်။ )
〈အိုဆာကာ〉ဆရာ/ဆရာမ (အသံအနိမ့်အမြင့်ဖော်ပြသောပုံကိုကြည့်ပါက အဆုံးအထိ ဆက်၍ နိမ့်ဆင်းသွားသော သဏ္ဍာန် ဖြစ်နေပါသည်။ တနည်းဆိုသော် အစပိုင်း စကားသံတစ်ခုကိုသာအသံမြှင့်ပြီး ကျန်အသံများကို ဖြည်းဖြည်းချင်းနိမ့်၍ ထွက်ဆိုသွားရသော အသံထွက်နည်းဖြစ်ပါသည်။ )
ပိုမိုလေ့လာလိုသောသူများအတွက်
1. expressions
| 東京 (တိုကျို) | 大阪 (အိုဆာကာ) |
|---|---|
| ほんとうだ (တကယ်ပဲ) | ほんま˥や |
| な˥いんだ (မရှိဘူး) | ない˥ねん |
| ど˥うしよう (ဘယ်လိုလုပ်ရလဲ) | どないしよ |
| 行かな ˥いの (မသွားဘူးလား) | 行˥かへんの |
| 休˥むんだ (နားမလို့) | 休む˥ねん |
| は˥やく (မြန်မြန်လုပ်) | はよ |
| 勉強しな˥きゃいけないから (စာမလုပ်လို့မရဘူး) | 勉強せ˥なあかんし |
| そ˥うなんだ (အဲဒီလိုကိုး) | そう˥なんや |
၂. ၂. လေယူလေသိမ်း (accent)
| 東京 | 大阪 |
|---|---|
(မိုး) |
![]() |
(ထီး) |
![]() |
(ရှိလား) |
![]() |

(မိုး)
(ထီး)
(ရှိလား)