つたえる はつおん

ကိုယ်ခန္တာလှုပ်ရှားမှုဖြင့် လေ့ကျင့်ရအောင် ー「か・が」「た・だ」အသံထွက်များကို လေ့ကျင့်ခြင်း―

အကျဉ်းချုပ်

企画者:川口義一・木下直子

လုပ်ဆောင်ပုံအဆင့်ဆင့်

လေ့ကျင့်နည်းအဆင့်ဆင့် (၁) ကိုယ်ခန္တာလှုပ်ရှားမှုကို အသုံးပြုသောနည်းလမ်း

အဃောသသံ(သံညင်း)၊ ဃောသသံ(သံပြင်း) ထွက်ဆိုပုံထွက်ဆိုနည်းကို ခံစားကြည့်မယ်။

  1. ၁. (သံညင်း) တည့်မတ်စွာ မတ်တပ်ရပ်ပြီး၊ ပုခုံးနှစ်ဘက်ကို အနောက်ဘက်သို့ ဆွဲတင်ပါ။ ထို့သို့ ဆွဲတင်ရင်း 「か」ဟု အသံထွက်ကြည့်ပါ။
  2. ၂. (သံပြင်း) အနောက်ဘက်သို့ဆွဲတင်ထားသော ပုခုံးနှစ်ဘက်ကို ဖြေလျော့လိုက်ပါ။ တစ်ပြိုင်တည်း 「が」ဟု အသံထွက်ကြည့်ပါ။
  3. ၃. အထက်ဖော်ပြပါ ၁ နှင့် ၂ ကို ထပ်ခါထပ်ခါပြန်ကျော့ရင်း 「か」―「が」、「か」-「が」ဟု အသံထွက်လေ့ကျင့်ကြည့်ပါ။

မိမိအသံထွက်လိုက်သော အသံ 「か」နှင့်「が」၏ပါးစပ်တွင်းလှုပ်ရှားပုံကွာခြားချက်၊ အသံထွက်သောအခါခံစားရသော ခံစားချက်ကွာခြားပုံ စသည်တို့ကို ကိုယ့်စကားဖြင့်ကိုယ် ပြန်လည်ရှင်းပြကြည့်ပါ။ ဤသို့ပြုလုပ်ခြင်းဖြင့် သက်ဆိုင်ရာ အသံများကို မည်သို့မည်ပုံထွက်ဆိုကြောင်း ကိုယ်တိုင်ခံစားသိနားလည်နိုင်မှာဖြစ်ပါတယ်။ ဥပမာ:「か」သည် မာကျောသည် ၊「が」သည် နူးညံ့သည် စသဖြင့်။

ဧကဝဏ္ဏ(အသံတစ်သံ)မှ စကားလုံး၊ စကားလုံးမှ စကားစု၊ စကားစုမှ ဝါကျ စသဖြင့် တိုးတိုးပြီး လေ့ကျင့်ကြည့်ပါ။

  1. ၁. ဧကဝဏ္ဏ(အသံတစ်သံ) :「か」「が」「き」「ぎ」
  2. ၂. စကားလုံး:「んたん」「んたん」「ん」「ん」
  3. ၃. စကားစု:「んたん」「んたん」「いがく」「 いがく
  4. ၄. ဝါကျ:「大学だいがく退学たいがくした (တက္ကသိုလ်မှ နုတ်ထွက်ခဲ့တယ်)」「銀行ぎんこうきんぎんがある (ဘဏ်မှာ ရွှေနဲ့ ငွေတွေရှိတယ်)」

လေ့ကျင့်နည်းအဆင့်ဆင့် (၂) ဃောသသံများ(သံပြင်း) (「が」「だ」စသဖြင့်)၏ရှေ့တွင် /n/ကိုထည့်၍ လေ့ကျင့်နည်း

  1. ၁. 「ぎん」ကိုအသံထွက်ဆိုသောအခါ「んき」→「んきん」→「んぎん」→「ぎん」ဟုအဆင့်ဆင့် အသံထွက်ကြည့်ပါ။
  2. ၂. ဧကဝဏ္ဏ(အသံတစ်သံ)မှ စကားလုံး၊ စကားလုံးမှ စကားစု၊ စကားစုမှ ဝါကျ စသဖြင့် တိုးတိုးပြီး လေ့ကျင့်ကြည့်ပါ။