つたえる はつおん

ဂျပန်စကားလုံးပေါင်းစပ်နာမ်များရဲ့ လေယူလေသိမ်း(accent)ကို လေ့လာကြရအောင်

အကျဥ်းချုပ်

企画者:川口義一、木下直子

(၁) ပေါင်းစပ်နာမ်ဆိုသည်မှာ

နာမ် +နာမ် နာမ်စကားလုံး နှစ်လုံး (သို့မဟုတ်) နှစ်လုံးထက်ပိုသော နာမ်စကားလုံးများကို ပေါင်းစည်းခြင်းဖြင့် ဖြစ်ပေါ်လာသော စကားလုံး

(၂) ပေါင်းစပ်နာမ်၏လေယူလေသိမ်း(accent)ဆိုင်ရာစည်းမျဉ်း

စကားလုံး၏အလယ်တွင်အသံအတက်အကျနေရာတစ်နေရာရှိသော လေသံ (1つの山のアクセント)ဖြင့် အသံထွက်ဆိုပါတယ်။ ပေါင်းစပ်ထား‌သော နာမ်များထဲမှ ဒုတိယမြောက်နာမ်စကားလုံး၏ “ပထမစာလုံးသံ” နောက်တွင် အသံကို ချ၍ထွက်ဆိုပါတယ်။

ခြွင်းချက်

ဒုတိယမြောက်နာမ်သည် ရှည်လျားသော စကားလုံးဖြစ်နေပါက၊ အသံအတက်အကျထင်ထင်ရှားရှားမရှိဘဲ တစ်ပြေးတည်းအသံထွက်ဆိုသောအခါမျိုးလည်းရှိတတ်ပါတယ်။

「外国人登録証明書 (နိုင်ငံခြားသားမှတ်ပုံတင်ထောက်ခံစာ)」တွင် လေယူလေသိမ်းပုံစံနှစ်မျိုးရှိပါသည်။

  1. 外国人登録 (နိုင်ငံခြားသားမှတ်ပုံတင်) + 証明書 (ထောက်ခံစာ) → 
  2. 外国人 (နိုင်ငံခြားသား) + 登録証明書 (မှတ်ပုံတင်ထောက်ခံစာ) → 

「~人(လူမျိုး)」၏လေယူလေသိမ်း

「じ」၏အရှေ့မှစကားသံကိုထွက်ဆိုပြီးနောက် အသံချပြီးထွက်ဆိုပါတယ်။

ခြွင်းချက်

「じん」၏အရှေ့စကားလုံး၏ နောက်ဆုံးစကားသံသည် အသံရှည် (သို့မဟုတ်) 「ん」ဖြင့်အဆုံးသတ်သော အသံ ဖြစ်နေပါက အသံချသည့်နေရာကို ၎င်းစကားလုံးများ၏ ရှေ့တစ်နေရာသို့တိုး၍ထွက်ဆိုခြင်း၊ 「じ」၏အနောက်သို့‌ရွှေ့၍ထွက်ဆိုခြင်းစသဖြင့် အပြောင်းအလဲရှိနိုင်ပါသည်။