つたえる はつおん

ဂျပန်စကားလုံးများရဲ့ လေယူလေသိမ်း (accent)ကို စစ်ကြည့်ကြမယ် – OJAD ( Online Japanese Accent Dictionary) စကားလုံးရှာဖွေရေး Website ကိုအသုံးပြုခြင်း –

အကျဉ်းချုပ်

企画者:中川千恵子

လုပ်ဆောင်ပုံအဆင့်ဆင့်

(၁) OJAD Website ကို ဝင်ကြည့်ပါ။

(၂) ဘယ်ဘက်မှာ ရှိတဲ့ "OJAD 4機能" ထဲက "単語検索" ကို ရွေးပါ။

(၃) "単語の検索" ထဲမှာ အသံထွက်သိရှိလိုသော စကားလုံးကိုရေးထည့်ပါ။ (ဥပမာ – 買う、飼う、帰る、変える)

(၄) အသံထွက်ကို နားထောင်ပါ။ "FEMALE (ပန်းရောင် – အမျိုးသမီးအသံ)" သို့မဟုတ် "MALE (အပြာရောင် – အမျိုးသားအသံ)" ကို နှိပ်ပါ။

(၅) အတုယူ၍ပြောဆိုခြင်း Repeatingနည်းလမ်း သို့မဟုတ် စံအသံထွက်နှင့် အချိန်တစ်ပြေးညီလိုက်၍ပြောဆိုခြင်း Shadowing နည်းလမ်းတို့ဖြင့် လေယူလေသိမ်း အသံထွက်အဖိအဖော့ကိုလေ့ကျင့်ပါ။