つたえる はつおん

မိမိရဲ့ ဂျပန်ဘာသာ လေယူလေသိမ်း (accent) ကို စစ်ဆေးကြည့်မယ် – အသံခွဲခြမ်းစိတ်ဖြာခြင်း software Praat ကို သုံးပြီး လေ့ကျင့်ခြင်း –

အကျဉ်းချုပ်

企画者:木下直子

လုပ်ဆောင်ပုံအဆင့်ဆင့်

ပထမဦးစွာ Praat ကို download လုပ်ပါ။

(၁) “New” မှ “Record mono sound…” ကို ရွေးပါ။

(၂) “Sound Recorder” ထဲက Record ကိုနှိပ်ပြီး အသံထွက်ပါ။ အသံထွက်ပြီးလျှင် Stop ကိုနှိပ်ပါ။ (ဥပမာ – 「いっぱい」)

- တတ်နိုင်သ၍ တိတ်ဆိတ်သောနေရာမှာ အသံဖမ်းပါ။

(၃) Name ထဲမှာ ဖိုင်နာမည်ရေးပြီး Save to list ကိုနှိပ်ပါ။

(၄) Praat Objects စာရင်းထဲမှ မိမိအသံဖိုင်ကို ရွေးပြီး View & Edit ကိုနှိပ်ပါ။

(၅) အပြာရောင်လိုင်းဖြင့် အသံအမြင့်ကို စစ်ဆေးပါ။

အပြာလိုင်း မထွက်ပါက Pitch မီနူးထဲက Show Pitch ကို အမှန်ခြစ်ပါ။

အပြာလိုင်း အနေအထား အလွန်မြင့်ခြင်း သို့မဟုတ် အလွန်နိမ့်ခြင်းများကြောင့် မမြင်ရပါက Pitch setting ဖြင့် ချိန်ညှိပါ။

(၆) မိမိလေယူလေသိမ်းအသံထွက်ကို သင်ခန်းစာစာအုပ်ထဲမှ စံအသံထွက်ဖြင့် နှိုင်းယှဉ်ကြည့်ပါ။

စကားလုံး၏အသံထွက်သည် ရှည်လျားနေပါက စစ်ဆေးလိုသောအပိုင်းကို drag လုပ်ပြီး sel ကိုနှိပ်ပါ။

Zoom in ပြုလုပ်လိုပါက inကို၊ Zoom out ပြုလုပ်လိုပါက outကို ၊ အားလုံးကြည့်လိုပါက all ကိုနှိပ်ပါ။

Recordingဖြင့် ဖမ်းလိုက်သော အသံထဲတွင် အခြားသောအသံများ (ဂီတသံစသဖြင့်) ပါနေပါက pitch စစ်ဆေးရာတွင် သက်ရောက်မှုရှိနိုင်ပြီး အသံထွက်အမှန်ကို စစ်‌ဆေးရန် ခက်ခဲတတ်ပါသည်။ အသံသွင်းရာတွင် မိမိသိလိုသော စကားလုံးအသံသာပါဝင်ရန် သတိပြုပါ။