ခန္တာကိုယ်ကို လှုပ်ရှားရင်း စကားသံစဉ်ကို ခံစားကြည့်ကြရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ :ဂျပန်ဘာသာစကားရဲ့ အသံထွက်ကြာချိန်မိုရာ (mora) များကို ကိုယ်တိုင်ခံစားမိပါမယ်။
- ဘယ်လိုလေ့လာမလဲ:ခန္တာကိုယ်ကို လှုပ်ရှားရင်း မိုရာ (mora) တစ်ခုရဲ့ ကြာမြင့်ချိန်ကို လေ့ကျင့်ကြည့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ : အထူးအထွေမရှိပါ။
- ဘာတွေလိုအပ်မလဲ :အသံရှည်ဆွဲသံများ၊ 「っ」အသေးသံများပါဝင်ပြီး အသံထွက်ရခက်ခဲသော စကားလုံးများ
企画者:木下直子
လုပ်ဆောင်ပုံအဆင့်ဆင့်
နည်းလမ်း(၁)
かなစာလုံးများနှင့်ကိုက်ညီအောင် အသံတစ်လုံးစီအလိုက် လက်ချောင်းကို ဒေါင်လိုက် (အပေါ်–အောက်)၊ အလျားလိုက် (အတွင်း–အပြင်) လှုပ်ရှားကြည့်ပါ။
例:「あいうえお」

နည်းလမ်း(၂)
かなစာလုံးများနှင့်ကိုက်ညီအောင် လက်ချောင်းဖြင့် တြိဂံပုံဆွဲကြည့်ပါ။
例:「きゃきゅきょ」


