つたえる はつおん

တစ်ဖက်လူနားလည်လွယ်အောင် ပြောဆိုကြရအောင်

အကျဉ်းချုပ်

企画者:川口義一、木下直子

လုပ်ဆောင်ပုံအဆင့်ဆင့်

လက်ဖြင့် စက်ဝိုင်းပုံဆွဲပြီး၊ အဓိပ္ပာယ်အရ အစုအဖွဲ့တစ်ခုအဖြစ် သိသာအောင်ဖော်ပြပြီး ပြောဆိုပါ။

၁. ပထမဦးစွာ စာကြောင်းထဲမှ အဓိပ္ပာယ်အရ သေးငယ်တဲ့ “အစုအဖွဲ့” ယူနစ်လေးများခွဲပြီး အသံထွက်ကြည့်ပါ။

注文ちゅうもんを/かえします。/フレッシュ/モッツァレラの/マルゲリータと/スパイシー/ハラペーニョの/ハーフアンドハーフが/おひとつ/オレンジジュースが/おふたつ/ですね。(စက်ဝိုင်း၁၂ခု)

မှာတာလေးတွေ ပြန်ပြောပါမယ်။ Fresh mozzarella margarita ပီဇာ နဲ့ spicy jalapeño ပီဇာ တစ်ဝက်စီပါတဲ့ ပွဲတစ်ပွဲ၊ လိမ္မော်ရည်နှစ်ခွက်၊ မှန်ပါသလား။

၂. လုပ်နိုင်သွားပါက လက်ရှိသတ်မှတ်ထားသော “အစုအဖွဲ့တစ်စု” ကို အနည်းငယ်ပိုကြီးတဲ့ ယူနစ်အဖြစ်ပြောင်းပြီး အသံထွက်ကြည့်ပါ။

注文ちゅうもんかえします。/フレッシュモッツァレラの/マルゲリータと/スパイシーハラペーニョの/ハーフアンドハーフがおひとつ/オレンジジュースがおふたつ/ですね。(စက်ဝိုင်း ၇ ခု)

မှာတာလေးတွေ ပြန်ပြောပါမယ်။ Fresh mozzarella margarita ပီဇာ နဲ့ spicy jalapeño ပီဇာ တစ်ဝက်စီပါတဲ့ ပွဲတစ်ပွဲ၊ လိမ္မော်ရည်နှစ်ခွက်၊ မှန်ပါသလား။

၃. နောက်ဆုံးတွင် စာကြောင်းတစ်ကြောင်းလုံးကို “အစုအဖွဲ့တစ်ခု” အဖြစ်သတ်မှတ်ပြီး အသံထွက်ကြည့်ပါ။

စာကြောင်းရှည်သောအခါ “အစုအဖွဲ့” ၂ခု၊ ၃ခု စသဖြင့်ခွဲပြီး ထွက်ဆိုနိုင်ပါတယ်။

注文ちゅうもんかえします。/フレッシュモッツァレラのマルゲリータと/

スパイシーハラペーニョのハーフアンドハーフがおひとつ/オレンジジュースがおふたつ/ですね。(စက်ဝိုင်း ၅ ခု)

မှာတာလေးတွေ ပြန်ပြောပါမယ်။ Fresh mozzarella margarita ပီဇာ နဲ့ spicy jalapeño ပီဇာ တစ်ဝက်စီပါတဲ့ ပွဲတစ်ပွဲ၊ လိမ္မော်ရည်နှစ်ခွက်၊ မှန်ပါသလား။