တစ်ပြိုင်တည်း လိုက်၍တုပပြောဆိုနည်း (Shadowing) ဖြင့် အသံထွက်ပြေပြစ်အောင် လေ့ကျင့်ကြည့်ရအောင်
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:စကားပြောအမြန်နှုန်း၊ အသံအနိမ့်အမြင့်နှင့်ပတ်သက်ပြီး ကျွမ်းကျင်လာပါမယ်။
- ဘယ်လိုလေ့လာမလဲ:စံအသံထွက်ကို နားထောင်ရင်း လေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ:စံအသံထွက်ကို နားထောင်နိုင်သော သင်ထောက်ကူ
- ဘာတွေပြင်ဆင်ရမလဲ:စံအသံထွက်
企画者:大久保雅子・木下直子
တစ်ပြိုင်တည်း လိုက်၍တုပပြောဆိုနည်း (Shadowing)ဆိုသည်မှာ
စံအသံထွက်ကို နားထောင်ပြီးနောက် ချက်ခြင်း လိုက်၍ပြောဆိုရသော လေ့ကျင့်နည်း
Shadowingလေ့ကျင့်ရန်အတွက် ဗီဒီယိုတွင်အသုံးပြုထားသော စံအသံထွက်၏ အကြောင်းအရာဘာသာပြန်
オムレツの作り方を紹介しましょう。材料は、卵2個、牛乳大さじ2、塩ひとつまみ、胡椒少々、バター大さじ1、ケチャップです。
ကြက်ဥလိပ်လုပ်ပုံလုပ်နည်းကို မိတ်ဆက်ပါမယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်ဉနှစ်လုံး၊ နွားနို့ ထမင်းစားဇွန်းနှစ်စွန်း၊ ဆားအနည်းငယ်၊ ငရုပ်ကောင်းအနည်းငယ်၊ ထောပတ် ထမင်းစားဇွန်းတစ်စွန်း၊ ခရမ်းချဉ်သီးအနှစ်တို့ပဲဖြစ်ပါတယ်။
လုပ်ဆောင်ပုံအဆင့်ဆင့်
၁. နားထောင်ခြင်း
အဓိပ္ပာယ်ကို နားလည်အောင်လုပ်ရင်း၊ စံအသံထွက်ကို နားထောင်ပါ။
၂. တစ်ပြိုင်တည်းလိုက်ဖတ်ခြင်း
စံအသံထွက်နှင့်တူညီသော အမြန်နှုန်းဖြင့် အသံမထွက်ဘဲ စာလုံးများကို လိုက်ဖတ်ကြည့်ပါ။
၃. တစ်ပြိုင်တည်း အသံထွက်ဖတ်ဆိုခြင်း
စာကိုမကြည့်ဘဲ၊ စံအသံထွက်ရဲ့ လေယူလေသိမ်း၊ အသံအနိမ့်အမြင့်များအတိုင်း လိုက်ပြောကြည့်ပါ။ မိမိနှစ်သက်ရာ စံအသံထွက်များကို သုံးပြီး လေ့ကျင့်ကြည့်ကြပါစို့။
