つたえる はつおん

မိမိရဲ့ စိတ်ခံစားချက်ကို တစ်ဖက်သူနားလည်အောင် ဖော်ပြကြရအောင်「きれいじゃない」

အကျဉ်းချုပ်

企画者:中川千恵子

လုပ်ဆောင်ပုံအဆင့်ဆင့်

၁. အသံအနိမ့်အမြင့် (Intonation)၏ စည်းမျဉ်းစည်းကမ်းများကို မှတ်သားပါ။


きれいじゃない:「き」နှင့်「な」နေရာတွင် အသံမြှင့်၍ပြောဆိုပါက၊ ငြင်းဆိုသောသဘော သက်ရောက်ပါတယ်။
=မလှပါဘူး(အငြင်းသဘော)


きれいじゃない:「な」နေရာတွင် အသံမမြှင့်မိစေရန် ဂရုပြုပြီး အသံထွက်ဆိုပါက လှပါတယ်ဆိုသော သဘောသက်ရောက်ပါတယ်။
=လှတယ်(အပြုသဘော)

၂. အသံအနိမ့်အမြင့်ကို ဖော်ပြသောပုံ (Pitch Curve) ကိုကြည့်ရင်း၊ တဖန်၊ ထိုပုံအတိုင်း လက်ကို လှုပ်ရှားရင်း လေ့ကျင့်ကြည့်ပါ။

ပိုမိုအသုံးချတတ်စေရန်

「きれいじゃん」ဟူ၍လည်း ပြောဆိုနိုင်ပါတယ်။

「き」နေရာတွင် အသံကို မြှင့်ပြီးပြောဆိုပါက “အရမ်းလှတယ်(とてもきれいだ)” ဆိုတဲ့ အဓိပ္ပာယ်ကို ပို၍ဖော်ပြနိုင်ပါတယ်။