မိမိရဲ့ ခံစားချက်ကို တစ်ဖက်သူနားလည်အောင် ဖော်ပြကြရအောင် 「そうですか」
အကျဉ်းချုပ်
- ဘာတွေသိနိုင်မလဲ:ချီးကျူးခံရလို့ ဝမ်းသာတဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်ပါမယ်။
- ဘယ်လိုလေ့လာမလဲ:အသံအနိမ့်အမြင့်ကို ဖော်ပြသောပုံ (Pitch Curve) ကိုကြည့်ရင်း လေ့ကျင့်ပါမယ်။ အသံထွက်ကို နားထောင်ပြီးလည်း လေ့ကျင့်ပါမယ်။
- ဘာကိုသုံးပြီးလေ့လာမလဲ: အထူးအထွေမရှိပါ။
- ဘာတွေပြင်ဆင်ရမလဲ:အထူးအထွေမရှိပါ။
企画者:中川千恵子
လုပ်ဆောင်ပုံအဆင့်ဆင့်
၁. အသံအတက်အကျ (Intonation)၏ စည်းမျဉ်းစည်းကမ်းများကို မှတ်သားပါ။
「か」နေရာတွင် အသံချ၍ ထွက်ဆိုပါက၊ 「နားလည်ပါပြီ၊ သိပါပြီ」ဟူသော အဓိပ္ပာယ်ရပါတယ်။ တစ်ဖက်သူ၏စကားကိုနားထောင်နေကြောင်းပြသသောအခါတွင် အသုံးပြုပါတယ်။
「か」နေရာတွင် အသံမြှင့်၍ ထွက်ဆိုပါက၊ ချီးကျူးခံရလို့ ဝမ်းသာတဲ့ စိတ်ခံစားချက်ကို ဖော်ပြနိုင်ပါမယ်။
၂. အသံအနိမ့်အမြင့်ကို ဖော်ပြသောပုံ (Pitch Curve) ကိုကြည့်ရင်း၊ တဖန်၊ ထိုပုံအတိုင်း လက်ကို လှုပ်ရှားရင်း လေ့ကျင့်ကြည့်ပါ။
ပိုမိုအသုံးချတတ်စေရန်
「そ」အသံကို မြှင့်ပြီး အသံကျယ်ကျယ်ဖြင့် ပြောပါက အလွန်ဝမ်းသာပျော်ရွှင်ရပါတယ် ဆိုတဲ့အဓိပွာယ်ကို ပို၍ဖော်ပြနိုင်လေဖြစ်ပါတယ်။
